ဗွီအိုအေမြန်မာ နေ့စဉ်သတင်းလွှာ - ဇူလိုင်လ ၁၂၊ ၂၀၁၇
Yahoo/Inbox
VOA Burmese
To:sayanyein@yahoo.com
Jul 12 at 8:26 AM
ဗွီအိုအေမြန်မာ နေ့စဉ်သတင်းလွှာ
ဇူလိုင်လ ၁၂၊ ၂၀၁၇
ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
မြန်မာ
![]() ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ Cox’s BaZar က ရိုဟင်ဂျာဒုက္ခသည်စခန်း နှစ်ခုကို တနင်္လာနေ့က သွားရောက်ကြည်ရှုခဲ့ပါတယ်။ မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင် ရိုဟင်ဂျာတွေ သောင်းနဲ့ချီ ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေပါတယ်။ အပြည့်အစုံ ![]() အိန္ဒိယနိုင်ငံကို ၈ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အောင်ဟာ အိန္ဒိယထိပ်တန်း စစ်သင်တန်းကျောင်း Armoured Crops Centre & School ကို မနေ့က သွားရောက် ကြည့်ရှုခဲ့ပါတယ်။ အပြည့်အစုံ ![]() ဒီမိုကရေစီရဖို့ ကြိုးပမ်းနေတဲ့ ကာလပဲ ရှိပါသေးတယ်။ အရပ်သား အုပ်ချုပ်ရေး တက်လာပေမယ့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိပါဘူး။ အရပ်သား အုပ်ချုပ်ရေး စနစ်ရဲ့ အောက်မှာပဲ စစ်ဘက်ဆိုတာ ရှိရမှာပါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှုး Level ပဲဖြစ်ပါတယ်။ အပြည့်အစုံ ![]() မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်စုံစမ်းဖို့ရောက်ရှိ နေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီနဲ့ တွေ့ဆုံပြီး လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တင်ပြနိုင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေဘက်က ပြင်ဆင်နေကြပါတယ်။ အပြည့်အစုံ ![]() မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ အထူးစီးပွားရေးဇုန်လုပ်ဖို့ စီစဉ်နေတဲ့ ကျောက်ဖြူမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ဒေသခံပြည်သူတွေအပါအ၀င် ပြင်ဖြူမော်မှာ ရှိတဲ့ ရခိုင်ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံ ![]() တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ ၈ရက်ကြာ အိန္ဒိယနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံနယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေအရေး အလေးထားဆွေးနွေးနိုင်ဖွယ်ရှိသလို အိန္ဒိယနိုင်ငံဖက်ကလည်း တရုတ်နိုင်ငံရဲ့ ပိုးလမ်းမ စီမံကိန်းအပေါ် တန်ပြန် ဆောင်ရွက်တာတွေ ရှိနိုင်ကြောင်း သုံးသပ်တာတွေရှိနေပါတယ်။ အပြည့်အစုံ ![]() ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်မှာ စစ်ရေးအရသာမက နှစ်နိုင်ငံ ပိုမိုအနီးကပ်ဆက်ဆံရေး တိုးတက်လာဖို့ အိန္ဒိယဘက်က မျှော်လင့်ထားကြောင်း အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံ ![]() ကူဝိတ်နိုင်ငံမှာ အပူချိန် ၁၂၀ ဒီကရီကျော် ပူပြင်းနေပေမယ့်လည်း ပါရှန်ပင်လယ်ကွေ့ ဒေသ အတွင်းက လနဲ့ချီပြီး ပိတ်ဆို့ခံထားရတဲ့ ကာတာနိုင်ငံ အရေးကို သံတမန် နည်းလမ်းနဲ့ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်အောင် အမေရိကန်နိုင်ငံခြားရေးဝန် ကြီး Rex Tillerson က ပထမအဆင့် အနေနဲ့ကြိုးပမ်းနိုင်ခဲ့ပါပြီ။ အပြည့်အစုံ ![]() ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၈ ခုနှစ်မှာ ကျင်းပသွားမယ့် နွေရာသီ အိုလံပစ် အားကစားပွဲတွေကို ပြင်သစ်နိုင်ငံ Paris မြို့နဲ့ အမေရိကန်ပြည်ထောင်စု Los Angeles မြို့တို့မှာ ကျင်းပသွားဖို့ ရွေးချယ်လိုက်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က ဇူလိုင် (၁၁) ရက် အင်္ဂါနေ့မှာ ကြေညာလိုက် ပါတယ်။ အပြည့်အစုံ ![]() ကာတာနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား အငြင်းပွားမှုကို ကူညီဖြေရှင်းဖို့ ရည်ရွယ် ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson ကာတာနိုင်ငံကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်ရှိနေပါတယ်။ အပြည့်အစုံ ![]() ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွင်း ဟီလာရီကလင်တန်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကို အထိနာစေနိုင်တဲ့ သတင်းအချက်အလက်တွေရဲ့ မူရင်းပိုင်ရှင်က ရုရှား အစိုးရ ဖြစ်တယ်ဆိုပြီး Donald Trump Jr. နဲ့ ရုရှား ရှေ့နေတဦးတို့ကို ပြီးခဲ့တဲ့နှစ်က တွေ့ဆုံဖို့ စီစဉ်ပေးခဲ့တဲ့ အမျိုးသားက Trump ဆီကို ပေးပို့တဲ့ အီးမေလ်းထဲမှာ ရည်ညွှန်း ခဲ့တယ်လို့ New York Times သတင်းစာကြီးက မနေ့ တနလာင်္နေ့ နှောင်းပိုင်းမှာ ရေးသားပါတယ်။ အပြည့်အစုံ ![]() ၄၁ကြိမ်မြောက်ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ ကော်မီတီရဲ့ညီလာခံကို ပိုလန်နိုင်ငံ Kraków မြို့မှာ ကျင်းပခဲ့ပြီး ကုလသမဂ္ဂ UNESCOရဲ့ ရှေးဟောင်းအမွေအနှစ်နေရာ စာရင်းဝင် ၂၁နေရာကို အသစ်သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ UNESCO ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး စာရင်းဝင်နေရာပေါင်း ၁၀၇၃ နေရာရှိသွားပြီဖြစ်ပါတယ်။ အပြည့်အစုံ ![]() အမေရိကန်သမ္မတ Trump အစိုးရနဲ့ ရုရှား ပါဝင်ပတ်သက်နေတဲ့ အရှုပ်တော်ပုံ၊ အီရတ်နိုင်ငံ မိုဆူးလ်မြို့သိမ်းတိုက်ပွဲ အောင်မြင်မှု အီရတ်အစိုးရကို အမေရိကန်သမ္မတ ချီးကျူး၊ ကုလသမဂ္ဂ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ကို မြန်မာနိုင်ငံထဲ ၀င်ခွင့်ပြုဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ထပ်မံ တိုက်တွန်း။ စသဖြင့်… အပြည့်အစုံ ![]() လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတာကြောင့်ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေနဲ့ တတ်ကြွလှုပ်ရှားသူတွေက ကန့်ကွက်နေကြတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်မူကြမ်း ထွက်ပေါ်လာပါပြီ။ အပြည့်အစုံ ![]() ဇူလိုင် ၁၂၊ ၂၀၁၇ - (ပြန်လည်ထုတ်လွှင့်) မြန်မာနိုင်ငံမှာ NLD အစိုးရနဲ့ စစ်တပ် အကြားဆက်ဆံရေး ခနော်ခနဲ့ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်အဖို့ အထူးသတိထား လျှောက်လှမ်းနေရတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg က သုံးသပ်ပါတယ်။ အပြည့်အစုံ ![]() ရဲလုံခြုံရေး တစ်ယောက်ပါပြီး ရောင်နီဦး ဆိပ်ကမ်းကို ရောက်သွားတဲ့ အဲဒီ မူဆလင်အဖွဲ့ကို လူအုပ်ကြီးက အုတ်ခဲတွေနဲ့ ပစ်ပေါက် ၀ိုင်းဝန်း အကြမ်းဖက် တိုက်ခိုက်ကြတာပါ။ ရဲတပ်သားရဲ့ အကူအညီကိုလည်း ရခဲ့ကြပုံ မပေါ်ပါဘူး။ ဒါကိုကြည့်ရင် ရခိုင်ပြည်နယ်ထဲက လူမှုအသိုင်းအ၀ိုင်း နှစ်ခုကြားမှာ အမုန်းတရားတွေ နည်းနည်းလေးမှ ပျက်ပြယ် မသွားသေးတဲ့အပြင် အခြေအနေပေးတာနဲ့ အကြမ်းဖက် ဖြေရှင်းမယ် ဆိုတဲ့ စိတ်ထားမျိုး ရှိနေသေးတာကိုကြည့်ရင် ပဋိပက္ခ ဖြေရှင်းရေး တိုးတက်မှု မရတာကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အပြည့်အစုံ ![]() ခွေးနဲ့ ကလေးကျန်းမာရေး အပြည့်အစုံ ![]() အပြည့်အစုံ ![]() လိပ်မျိုးစိတ်ရဲ့ အန္တရာယ် အပြည့်အစုံ ![]() အမေရိကန်စီးပွားရေးနဲ့ အလုပ်အကိုင် အပြည့်အစုံ ![]() ကန့်ကို မီးလောင်ကျွမ်းမှု အပြည့်အစုံ ![]() G-20 ညီလာခံနဲ့ သမ္မတ Trump အပြည့်အစုံ ![]() ဂျာမနီ ရှေးဟောင်းထုံးကျောက်ဂူ အပြည့်အစုံ ![]() No Confirmation of Reports Islamic State Leader Is Dead အပြည့်အစုံ ![]() Republican lawmakers struggle to repeal and replace Obama care အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။
burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အရေးယူဖို့ တပ်မတော်တိုင်ကြား
ReplyDeleteဒီမိုကရေစီရဖို့ ကြိုးပမ်းနေတဲ့ ကာလပဲ ရှိပါသေးတယ်။ အရပ်သား အုပ်ချုပ်ရေး တက်လာပေမယ့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိပါဘူး။ အရပ်သား အုပ်ချုပ်ရေး စနစ်ရဲ့ အောက်မှာပဲ စစ်ဘက်ဆိုတာ ရှိရမှာပါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှုး Level ပဲဖြစ်ပါတယ်။ အပြည့်အစုံ