Monday, July 3, 2017

Men in uniform have ruthlessly misruled us for many decades. The situation is not a Child's play. Our situation is very serious " kill or be killed scenario" !

4 JULY 2017.
Today's diary
3-7-2017

ကျမကတော့
ကျမတို့အတွက်
မိသားစုဘဝတစ်ခုလုံးနဲ့လဲပေးသွားတဲ့
ကျမတို့ကိုမိခင်လိုမေတ္တာပေးတဲ့
လူထုခေါင်းဆောင်ကို
အကြွင်းမဲ့ယုံကြည်လေးစားသူမို့
သူမရဲ့ဆုံးမလမ်းညွှန်မှုတွေကို
တတ်နိုင်သမျှ
ဥာဏ်မှီသမျှ
အမြဲလိုက်နာပါတယ်။

လူထုခေါင်းဆောင်ကပြောင်းလဲမှုလုပ်တဲ့နေရာမှာ
လူတွေကို
ထိခိုက်နစ်နာပျက်စီးမှုတတ်နိုင်သမျှ
အနည်းဆုံးဖြစ်အောင်လုပ်ဖို့
သည်းခံဖို့မှာပါတယ်။
ကျမပင်ကိုယ်စိတ်နဲ့လည်းကိုက်ညီပါတယ်။
ကိုယ်ဖြစ်စေချင်တာတွေကို
ညင်ညင်သာသာနဲ့သတိထားဆောင်ရွက်ကြရမှာပါ။

(ကျမကတော့ မိသားစုရပ်တည်ဖို့ ကလေး ၃ ယောက်ကျောင်းထားဖို့
လစာလေးနဲ့ အလုပ်လေးကိုမှီခိုနေရတဲ့ ဝန်ထမ်းလင်မယား
သိပ်မကြီးမားတဲ့အမှုတစ်ခုကြောင့် အလုပ်ပြုတ်သွားတာကိုတောင်
သတိရတိုင်းစိတ်မချမ်းသာဖြစ်နေတယ်
ငါသာဆိုရင် ပြင်းထန်စွာသတိပေးပြီး
လစာ ၃ လလောက်ဖြတ်မယ်လို့ ပြောမိပါတယ်။အဆညတာဝန်ရှိသူတွေကတော့
ဒါမျိုးကိုနမူနာလုပ်ပြမှ
လုပ်ငန်းခွင် မှာသန့်ရှင်းပြီးကျန်သူတွေ
ပြည်သူ့ဝန်ထမ်းဟာ
ပြည်သူပိုင်ပစ္စည်းဆို ''ထင်း'' ကိုတောင်မထိရဘူးဆိုတဲ့အသိရှိ
အောင်ဆောင်ရွက်ကြတာနဲ့တူပါတယ်။
ကျမကအဲလောက်မမှန်ကန်မပြတ်သားပါဘူး။
ကျမ ရဲ့ပျော့ ညံ့တဲ့စိတ်နဲ့လည်း ဒီမိုးဒီလေကြားမှာ Admin မရပါဘူး။ဝါသနာလည်းမပါပါဘူး။မခံနိုင်လွန်းရင်စိတ်အရမ်းတိုတတ်ပေမယ့်မေတ္တာနဲ့စာနာစိတ်နဲ့သည်းခံစိတ်နဲ့အုပ်ချုပ်တာကိုပဲ လုပ်ချင်ပါတယ်)

Reform တွေမှာပါဝင်နေပေမယ့်
လူပုဂ္ဂိုလ်အားဖြင့်ဘယ်သူ့ကိုမှမထိခိုက်စေချင်တာ ကျမရဲ့သစ္စာစကားပါ။
(အများပြည်သူလုံခြုံမှုကိုချိန်းချောက်တဲ့ရာဇဝတ်မှုတွေကို
ကျူးလွန်ရင်တော့ ငြင်သာနေလို့မဖြစ်ဘူးပေါ့။)
ကျမကိုယ်တိုင်လဲ
corruption ကင်းအောင်နေနိုင်ပေမယ့်
တချို့ကိစ္စတွေက ဗူးပေါက်နဲ့ရေမခပ်နိုင်ကြလို့မပြောင်းလဲနိုင်ပါဘူး။

ကျမတို့လိုချင်တဲ့စံနစ်
လိုချင်တဲ့အစိုးရကို ရလာပြီမို့
တိုက်ပွဲဝင်နေတဲ့ကာလမဟုတ်ပါဘူး။
ပြဿနာတစ်ခုဖြစ်လာရင်
နှစ်ဦးနှစ်ဘက်အကျိုးရှိမယ့်
win-win နည်းကိုသုံးလို့ရသမျှသုံးဖြေရှင်းရမှာပါ။
တဘက်နဲ့တဘက်တင်းနေတာကို
မဖြန်ဖြေကြပဲ ပြဿနာကြီးအောင်လုပ်ရင်မလိုလားအပ်တဲ့
နောက်ဆက်တွဲပြဿနာတွေဖြစ်လာမှာပါ။
လူထုခေါင်းဆောင်သိရင်လည်း ဒါမျိုးတွေကိုစိတ်ပျက်မိမှာပါ။

Reformation အစစ်လုပ်ရဲတဲ့
စိတ်ရှင်းတဲ့အတွေးရှင်းတဲ့
မေတ္တာဓာတ်ကြီးမားတဲ့
ပြည်သူကိုသစ္စာစောင့်သိတဲ့
လက်အောက်ငယ်သားတွေကို
သူ့အုပ်ချုပ်ခြင်းဖြင့်
စိတ်နှလုံး လုံခြုံ မှုခံစားရစေမယ့်
ဝန်ကြီးတွေ ပညာရေးမှာအမြဲရှိနေနိုင်စေချင်မိတယ်။

It is just my diary. I write it as I am feeling right now.
I can imagine undesirable consequences that can be brought about by unwise administration.
Administrators must not keep the true meaning of good governance and clean government just as an imaginary vision. They need to bring it into practical adminstrative affairs.
Comments
Moechit Thu
Moechit Thu အမှန်ပါပဲဆရာမရေ
ကိုယ်​ချင်းစာစိတ်ကလေးပဲအရေးကြီးတာပါ
Hla Myint
Hla Myint
dear prof. pa pa ,
I am afraid win-win concept can not be applied in some situations.
When we come across head-on with human eating 10-ft long tiger in a narrow lane , we must fight for our survival or let the animal kill us & be eaten.
We can not negotiate flesh eating beast to become a vegetarian or to "count beads".
Men in uniform have ruthlessly misruled us for many decades.
The situation is not a Child's play.
We are in a very serious  " kill or be killed scenario" !


· Reply ·

1 comment:

  1. dear prof. pa pa ,
    I am afraid win-win concept can not be applied in some situations.
    When we come across head-on with human eating 10-ft long tiger in a narrow lane , we must fight for our survival or let the animal kill us & be eaten.
    We can not negotiate flesh eating beast to become a vegetarian or to "count beads".
    Men in uniform have ruthlessly misruled us for many decades.
    The situation is not a Child's play.
    We are in a very serious " kill or be killed scenario" !

    ReplyDelete