Thursday, July 6, 2017

Open mail to Mark Zukerberg.7 july 2017. Neo pied piper could drown "small rats " but can not clean up the main "plague-causing" monsters.



Open mail to Mark Zukerberg.7 july 2017.
ချစ်ခင်လေးစားစွာဖြင့်
ငြိမ်းချမ်းအောင် (ဖင်လန်နိုင်ငံ)
(လေးလေးတန် ကို ဘာသာပြန်ဖို့ အကူအညီတောင်းထားပါပြီ)😍


Neo pied piper could drown "small rats " but can not clean up the main "plague-causing" monsters.
Hla Myint shared a link.

Neo pied piper could drown "small rats " but can not clean up the main "plague-causing" monsters.
sayanyein-sayanyein.blogspot.com/?spref=tw
LikeShow more reactions
Comment
Comments
RECENT ACTIVITY
Open mail to Mark Zukerberg.
Nyein Chan Aung ဗမာ့ ယဉ်ကျေးမှု့နဲ့ အညီ ဆူကာဘတ်ကို ကျေးဇူးတင်လွှာ ပို့အုံးမယ်။😍😘
-
ခင်မင်ရပါသော မစ္စတာ ဆူကာဘတ် ခင်ဗျာ
-
ပထမဆုံးအနေနဲ့ ကျေးဇူးတင်ပါကြောင်း ပြောပြပါရစေ။
ဒီနေ့ ကျနော့် ဖေ့စ်ဘုတ်အကောင့်ကို ပြန်လည် ဖွင့်လှစ်ပေးပါတယ်။ မစ္စတာ ဆူကာဘတ်အနေဖြင့် ကျနော်ရေးတဲ့ အိတ်ဖွင့်ပေးစာကို ဖတ်မိချင်လည်း ဖတ်မိမယ်၊ သို့သော် ဖေစ့်ဘုတ် မြန်မာပိုင်းကတော့ ကျိန်းသေဖတ်မိမှာ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့် ဖြစ်ပါစေ ဖေ့စ်ဘုတ် အကောင့် ပြန်ဖွင့်ပေးတဲ့အတွက် ကျေးဇူး တင်ရတာပါ။
-
မစ္စတာ ဆူကာဘတ်ဟာ သမီးကလေးမွေးတော့ ပါတ်ဝန်းကျင်ကောင်းရှိမှ သမီးလေး ကြီးပြင်းတဲ့အခါမှာ လုံခြုံမှု့ ရှိမယ်လို့ တွေးခေါ်ပြီး၊ အလှူအတန်းတွေ အများကြီးလည်း လုပ်ခဲ့တဲ့အတွက် ကျနော့်အနေနဲ့ အလွန်ပဲ ဂုဏ်ယူမိပါတယ်။
-
မစ္စတာ ဆူကာဘတ်ဟာ သမိုင်းတွေကို ဖတ်ဖူးမယ်၊ နာဇီစနစ်ကို ဆန့်ကျင်မယ်ဆိုတာကို ကျနော် အကြွင်းမဲ့ ယုံကြည်ပါတယ်။
-
ဖေစ့်ဘုတ်ကနေ အကြမ်းဖက်မှု့တွေကို တိုက်ဖျက်ဖို့ ကြိုးစားနေမယ်လို့လည်း ယုံကြည်ပါတယ်။ သို့သော် ဖေ့စ်ဘုတ်ရဲ့ မြန်မာပိုင်းကဏ္ဍမှာ နာဇီတွေရဲ့ အမာခံ SS တပ်သားတွေလို အောင်ဆန်းစုကြည် နဲ့ စစ်အာဏာရှင်တွေရဲ့ လူတွေက ကြီးစိုးထားတယ်၊ အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်တွေက ၀ယ်ယူထားတဲ့ သူတွေ ရှိနေတယ်ဆိုတာကို သေသေချာချာ လေ့လာသုံးသပ်စေချင်ပါတယ်။
-
ဂျာမန်ပြည်ကြီး စီးပွားရေးကျဆင်း လူထု ငတ်ပြတ်နေတဲ့နေတဲ့အချိန်မှာ အမျိုးသားရေးကို ရှေ့တန်းတင်ထားတဲ့ ဟစ်တလာ အာဏာ ရ လာသလို၊ ဗမာပြည်မှာလည်း အောင်ဆန်းစုကြည် ဟာ လူဆင်းရဲသားတွေကို မက်လုံးတွေ အမျိုးမျိုးပေးပြီး ရွေးကောက်ပွဲ နိုင်လာခဲ့တာ ဖြစ်ပါတယ်။
-
အောင်ဆန်းစုကြည်ဟာ နိုဘဲလ်ဆုရှင်၊ လူ့အခွင့်အရေး ကာကွယ်သူ လို့ ကမ္ဘာမှာ ဂုဏ်သတင်း ကြီးနေပေမဲ့၊ ဗမာပြည်မှာတော့ တိုင်းရင်းသားတွေကို သတ်ဖြတ်တဲ့ စစ်အာဏာရှင်တွေကို ကာကွယ်ပေးသူ၊ ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်သူအဖြစ် စွပ်စွဲခြင်း ခံထားရပါတယ်။ ထိုကဲ့သို့ စွပ်စွဲခြင်းတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဗမာပြည်ကို လာရောက်လေ့လာဖို့ ဥရောပသမဂ္ဂနဲ့ ကမ္ဘာတလွှားက တောင်းဆိုတဲ့အခါမှာ အောင်ဆန်းစုကြည်ဟာ အမှန်တရားကို ဖုံးကွယ်ဖို့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
-
ကျနော့် ဖေ့စ်ဘုတ်အကောင့် ဘာကြောင့် အပိတ်ခံရပါသလည်း၊ ကျနော့်ကို ဘာကြောင့် ဖေ့စ်ဘုတ် အဖွဲ့ကို သတင်းပို့ရပါသလည်း မေးရင်၊ ကျနော်ဟာ ဂျူးတွေကို ကယ်တဲ့ ဂျာမန်တယောက်ဟာ ဟစ်တလာခေတ်မှာ တိုင်းပြည် သစ္စာဖောက် ဖြစ်ပြီး အသတ်ခံရသလို၊ ကျနော့်ကိုလည်း အောင်ဆန်းစုကြည် နဲ့ နောက်လိုက်တွေက ပါးစပ် ပိတ်သွားအောင် သတင်းပို့ တိုင်တန်းခြင်း ဖြစ်ပါတယ်။
-
သို့သော် ဖေ့စ်ဘုတ် အဖွဲ့က ပြန်လည်ဖြေရှင်းခွင့် ပေးတဲ့အတွက် ကျေးဇူလည်း တင်ရပါတယ်၊ အခုလို ၁၀ နှစ်နီးပါး အမှန်တရားနဲ့ မိမိအမြင်တွေကို အမုန်းတရားမပါဘဲ လွတ်လပ်စွာ ပြောဆိုခွင့်ပေးတဲ့ ဖေ့စ်ဘုတ်ကိုလည်း ပိုပြီး လေးစားရပါတယ်။
-
ဟစ်တလာဟာ ကိုယ်တိုင် လူမသတ်ခဲ့ပါဘူး၊ ဒီလိုပါပဲ အောင်ဆန်းစုကြည် ဟာ လူသတ်သမားတွေကို အကာအကွယ်ပေးနေတာ ကမ္ဘာကြီးက သိလာပါပြီ။
-
မစ္စတာ ဆူကာဘတ်အနေနဲ့ အခြေအနေ ပေးရင် ဗမာပြည်အကြောင်းကို လွတ်လပ်သော၊ ဘက်မလိုက်သော ပညာရှင်များကို မေးမြန်းစေလိုပြီး၊ ဗမာပြည်က ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသား ကလေးငယ်များကို ကူညီစောင့်ရှောက်မှု့ ပေးစေလိုပါတယ်။
-
ချစ်ခင်လေးစားစွာဖြင့်
ငြိမ်းချမ်းအောင် (ဖင်လန်နိုင်ငံ)
(လေးလေးတန် ကို ဘာသာပြန်ဖို့ အကူအညီတောင်းထားပါပြီ)😍

2 comments:


  1. Open mail to Mark Zukerberg.7 july 2017.
    ချစ်ခင်လေးစားစွာဖြင့်
    ငြိမ်းချမ်းအောင် (ဖင်လန်နိုင်ငံ)
    (လေးလေးတန် ကို ဘာသာပြန်ဖို့ အကူအညီတောင်းထားပါပြီ)

    ReplyDelete
  2. ဟစ်တလာဟာ ကိုယ်တိုင် လူမသတ်ခဲ့ပါဘူး၊ ဒီလိုပါပဲ အောင်ဆန်းစုကြည် ဟာ လူသတ်သမားတွေကို အကာအကွယ်ပေးနေတာ ကမ္ဘာကြီးက သိလာပါပြီ။
    -
    မစ္စတာ ဆူကာဘတ်အနေနဲ့ အခြေအနေ ပေးရင် ဗမာပြည်အကြောင်းကို လွတ်လပ်သော၊ ဘက်မလိုက်သော ပညာရှင်များကို မေးမြန်းစေလိုပြီး၊ ဗမာပြည်က ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသား ကလေးငယ်များကို ကူညီစောင့်ရှောက်မှု့ ပေးစေလိုပါတယ်။
    -
    ချစ်ခင်လေးစားစွာဖြင့်
    ငြိမ်းချမ်းအောင် (ဖင်လန်နိုင်ငံ)
    (လေးလေးတန် ကို ဘာသာပြန်ဖို့ အကူအညီတောင်းထားပါပြီ

    ReplyDelete