Wednesday, July 5, 2017

ABFSU /6 JULY 2017.Aung Aung Myint shared a post .

6 JULY 2017.Aung Aung Myint shared a post to your Timeline.

 


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Yesterday at 1:25am ·  “ ပညာရေးဝန်ကြီးဌာန (အဆင့်မြင့် ပညာကဏ္ဍ) ဆွေးနွေးချက်များအပေါ် သဘောထားနှင့် အဋ္ဌမတန်းသမိုင်းဘာသာရပ်၌ ဖော်ထားသော သမိုင်းအမှား ဖော်ပြချက်များအား ကန့်ကွက်၊ ရှုံ့ချ၊ တောင်းဆိုသော ကြေငြာချက် ”
ကြေညာချက်အမှတ် - ၁၀ /၂၀၁၇ နေ့စွဲ - ၄ / ၇ / ၂၀၁၇
ပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာဦးစီးဌာနမှ ဦးစီးသော ၂၀၁၇ခုနစ်၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) ဆရာ၊ ကျောင်းသားဆိုင်ရာ ကိစ္စရပ် များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကို (၂၄.၆.၂၀၁၇ မှ ၂၅.၆.၂၀၁၇) ရက်နေ့အထိ ကျင်းပခဲ့ပေသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အဆင့်မြင့်ပညာ ဆရာ၊ ဆရာမများ၊ ပညာရှင်များနှင့် ပညာရေးဌာန အရာရှိကြီးများပါဝင် တက်ရောက် ဆွေးနွေးကြသည်ဟု သိရသည်။ သို့သော် ကျောင်းသားသမဂ္ဂများ နိုင်ငံလုံးဆိုင်ရာပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER) ဆရာများသမဂ္ဂ စသည့်အဖွဲ့အစည်းများ ပါဝင်တက်ရောက်ခွင့် မရပေ။
ဆွေးနွေးသည့်ခေါင်းစဉ်မှာ ဆရာ၊ ကျောင်းသားဆိုင်ရာကိစ္စရပ်များ ဖွဲ့စည်းနိုင်ရေး ဟု သိရပေသည်။ အဆိုပါဆွေးနွေးချက် စာတမ်းမှ အချက်အလက်အချို့ကို ဗကသများအဖွဲ့ချုပ် အနေဖြင့် အောက်ပါအတိုင်း သုံးသပ်တင်ပြလိုပေသည်။
၁။ စာတမ်း၏နိဒါန်းတွင် “ ပညာရေးသည် လူမှုရေးဆိုင်ရာ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှု(Social Mobility) အတွက် အဓိကဖော်ဆောင် ပေးထားသကဲ့သို့ နိုင်ငံတည်ဆောက်ရေး၊ အမျိုးသား စည်းလုံး ညီညွှတ်ရေးနှင့် ရေရှည်ဖွံဖြိုး တိုးတက်ရေးတို့အတွက် အဓိကအုတ်မြစ်ဖြစ်ပါသည် ” ဟုဖော်ပြထားပေ သည်။
ဤဖော်ပြချက်သည်ပညာရေး၏ ယေဘုယျသဘောတရားကို ဖော်ပြခြင်းသာဖြစ်သည်။ ဤရည် ရွယ်ချက်အား ပြီးမြောက်အောင် အကောင်အထည် ဖော်ပေးမည့် နိုင်ငံရေး အခြေအနေကို ဖော်ပြရန် ပျက် ကွက်ခဲ့သည်။ ဗ.က.သများအဖွဲ့ချုပ်၏ မူငါးချက်တွင် ဒီမိုကရေစီပညာရေး အောင်မြင်စွာဖော်ဆောင်နိုင်ရေး အတွက် အမျိုးသား လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်သော ဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ အခြားအင်အားကြီး နိုင်ငံများအပေါ် အမှီအခိုကင်းသော အမျိုးသားစီးပွားရေး ဖွံဖြိုးတိုးတက်ရေးစသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများရှိမှသာ ဒီမိုကရေစီ ပညာရေးသည် နိုင်ငံတည်ဆောက်ရေးအတွက် မျက်မှောက်ကာလ၌ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပေ သည်။
၎င်းအပြင် စာတမ်းတနေရာ၌ဖော်ပြထားသော “ အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများ နှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာဖွဲ့စည်း တည်ထောင် လှုပ်ရှားခွင့်ရရှိရေး ဖော်ပြပါရှိသည်” ဟုဆိုသော သဘောထားသည် ဗမာပြည်ကျောင်းသား သမဂ္ဂဖွဲ့စည်းတည်ထောင်ခဲ့သော အနှစ်(၇၀) သမိုင်း၌ မည်သည့်ပဋိညာဉ် ဝန်ခံချက်အောက်၌ ဖွဲ့စည်းခဲ့ရ သည်ဟူ၍ မရှိခဲ့။ နယ်ချဲ့ကိုလိုနီ အစိုးရသည်ပင်လျှင် ပဋိညာဉ်ဝန်ခံချက်ဖြင့် သမဂ္ဂဖွဲ့စည်းသည်ဟူ၍ မရှိခဲ့ပေ။
နှီးနှောဖလှယ်ပွဲစာတမ်းပါအချက်အချို့ကို ဆက်လက်လေ့လာကြည့်လျှင်-
(၁) တက္ကသိုလ်ပြင်ပတွင် ဟောပြောပွဲများပြုလုပ်ကျင်းပမည်ဆိုပါက မပြုလုပ်မီ ကျောင်းသား သမဂ္ဂမှ တက္ကသိုလ်ကောင်စီထံ ခွင့်ပြုချက်ယူရမည်။ ဆုံးဖြတ်ချက် မလိုက်နာပါက အပြစ်ရှိသူ အဖြစ် သတ်မှတ်သည်။
(၂) ကျောင်းသားသမဂ္ဂ အခြေခံစည်းမျဉ်း ဥပဒေများသည် တက္ကသိုလ်ပဋိညာဉ်၏ စည်းမျဉ်း ဥပဒေများသည် တက္ကသိုလ်ပဋိညာဉ်၏ စည်းမျဉ်းဥပဒေ များနှင့် သဘောထားကွဲလွှဲမှုရှိပါက ဥပဒေ အရ ပယ်ဖျက်မည်ဖြစ်သည်။
(၃) ကျောင်းသားသမဂ္ဂဆိုင်ရာသဘောတူအတည်ပြုချက် လက်မှတ်ရေးထိုးထားသော ဖွဲ့စည်း စည်းပုံအခြေခံဥပဒေ စည်းမျဉ်းများ အထွေထွေညီလာခံကျင်းပ၍ အတည်ပြုချက်ရယူရမည်။
(၄) ကျောင်းသားအားလုံးသည် သမဂ္ဂအဖွဲ့ဝင်များဖြစ်ပြီး ကျောင်းသားသမဂ္ဂ ကိစ္စတွင် ရှောင် ဖယ်မနေရပါ။ သို့သော် အစိုးရ၏ လက်ရှိမူဝါဒများအရ ကျောင်းသားသမဂ္ဂသို့ မိမိဆန္ဒအလျောက် ဝင်ရောက်နေသူများ ဖြစ်သည်ဟု ဖော်ပြထားပေသည်။ အထက်ပါ ဖော်ပြချက်များအားလုံးအား အနှစ်ချုပ်ရမည်ဆိုလျှင် ကျောင်းသားများ၏ အခြေခံဒီမိုကရေစီ လွတ်လပ်ခွင့်များကို လုံးဝရိုက်ချိုး ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ နယ်ချဲ့အစိုးရနှင့် ဖဆပလအစိုးရတို့ ထက်ပင် ပိုမိုကျယ်ပြန့်သောဖိနှိပ်မှုဟု ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ မှတ်ချက်ပြုလိုပေသည်။ NLD အစိုးရ ၏ မှားယွင်းသော ပညာရေးပေါ်လစီအား စစ်အာဏာရှင်အုပ်စုကသာ ကောင်းချီးထောပနာပြုကာ လှိုက် လှိုက်လှဲလှဲ လက်ခံလိမ့်မည်သာဖြစ်မည်။
၂။ အဘယ်ကြောင့် စစ်အုပ်စုက ထောက်ခံမည်နည်း။
လက်ရှိအစိုးရက အတည်ပြုသင်ကြားနေသော အခြေခံပညာအဆင့် သမိုင်းသင်ရိုးများကို ကြည့် လျှင် စစ်အုပ်စုအလိုကျသာဖြစ်ကြောင်း ပေါ်လွင်ပေသည်။ (က) တတိယတန်း သမိုင်းသင်ရိုးတွင် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊အလောင်း ဘုရား၊ မဟာဗန္ဓုလ၊ စသော စစ်ဘုရင်များ၏ အကြောင်းကိုသာ အလေးထားဖော်ပြခြင်း။ (ခ) စတုတ္ထတန်းသမိုင်းသင်ရိုးတွင် သမိုင်းဆိုင်ရာအချက်အလက်များကို မှေးမှိန်ပြီး လူပုဂ္ဂိုလ်ဆိုင်ရာ အခန်းကဏ္ဍများကိုသာ ရှေ့တန်းတင်ထားခြင်း။ (ဂ) ပဉ္စမတန်းတွင် ပထမမြန်မာနိုင်ငံတော်၊ ဆဌမတန်းတွင် ဒုတိယမြန်မာနိုင်ငံတော်နှင့် သတ္တမတန်းတွင် တတိယမြန်မာနိုင်ငံတော်ဟူ၍ တခမ်းတနားမြန်မာလူမျိုးကြီးဝါဒကို ဖွင့်ဆို အသက်သွင်းထားခြင်း။ (ဃ) အဋ္ဌမတန်းသမိုင်းသင်ရိုးတွင် မဆလခေတ်သမိုင်းအမြင်ကို ဆက်လက်စွဲကိုင်ပြီး ရဲဘော်သုံးကျိပ်သာ ကယ်တင်ရှင်ဟုလည်းကောင်း၊ စစ်အာဏာသိမ်းမှုများမှာ တရားမျှတ မှန်ကန်သည်ဟုလည်းကောင်း၊ လူမျိုးအသီးသီး၊ ပြည်သူတို့၏ စစ်အုပ်စုဆန့်ကျင်ရေး တိုက်ပွဲများအား ဆူပူသောင်းကျန်းမှုများအဖြစ်လည်းကောင်း ရေးသားဖော်ပြထား ပေသည်။ အဆိုပါရေးသားဖော်ပြချက်များမှာ ကျောင်းသားလူငယ်တို့အား မှားယွင်းသော သမိုင်း အမြင် တပ်ဆင်ပေးရာရောက်ပေသည်။ သမိုင်းကို ပြည်သူတို့ကသာ ဖန်တီးပေသည်။ ခေါင်း ဆောင်များ ဧကရာဇ်များက ဖန်တီးသည်မဟုတ်။ သမိုင်းကို ပို့ချသည်မှာ သမိုင်း၏ ဖြစ်ပေါ်တိုး တက်မှု (Development ) ကိုမြင်အောင် သင်ကြားခြင်းဖြစ်သည်။ သမိုင်းသင်ရိုးသည် အစိုးရ၏ ၀ါဒဖြန့်ချိရေးယန္တရားမဖြစ်စေရပေ။
၃။ အထက်ဖော်ပြပါ NLDအစိုးရ ပညာရေးဌာန၏ ပညာရေးသဘောထားနှင့် လုပ်ရပ် များသည် ကျောင်းသားပြည်သူများ၊ ကျောင်းသားသမဂ္ဂသမိုင်းနှင့် ဒီမိုကရေစီအရေးတော်ပုံအား ကြီးစွာသော သစ္စာ ဖောက်မှုသာ ဖြစ်ပေလိမ့်မည်။ ဤအခြေအနေအကြပ်အတည်းမှ လွတ်မြောက်လိုပါက NLD အစိုးရအနေဖြင့် ကျောင်းသား ထုနှင့် ကျောင်းသားသမဂ္ဂများအား အခြေမပြုဘဲ ချမှတ်ခဲ့သော ပညာရေးဆိုင်ရာ သဘောထား များအား ခြွင်းချက် မရှိ ပြန်လည်ရုတ်သိမ်းရပေမည်။ ထိုသို့ ပြန်လည်ရုပ်သိမ်းခြင်းများ မဆောင်ရွက်ပါက နောင်ဖြစ်ပေါ်လာမည့် ဖြစ်ရပ်များ သည် NLD အစိုးရ၏ တာဝန်သာဖြစ်ပါကြောင်း၊ ဗ.က.သ များအဖွဲ့ချုပ်အနေဖြင့် လေးနက်စွာ သတိပေးလိုက်ပါသည်။ ဗကသများအဖွဲ့ချုပ်အနေဖြင့် အောက်ပါတောင်းဆိုချက်များအား လေးနက်စွာ တောင်းဆို လိုက်သည်။ (၁) ပညာရေးဝန်ကြီးဌာန (အဆင့်မြင့်ပညာရေးကဏ္ဍ) ဆရာ၊ ကျောင်းသားကိစ္စရပ်များ ဖွဲ့ စည်းဆောင်ရွက်နိုင်ရေးစာတမ်းအား ရုပ်သိမ်းပယ်ဖျက်ပေးရန်။ (၂) အခြေခံပညာ သမိုင်းဖတ်စာအုပ်များတွင် ဖော်ပြထားသော မှားယွင်းဖောက်ပြန်သည့် သမိုင်းအမြင်နှင့် ကောက်ချက်များအား အမြန်ဆုံးပြန်လည်ပြင်ဆင်ပြီး အချက်အလက်မှန်များ အတိုင်း သင်ကြားပို့ချပေးရန်။ ကျောင်းသားပြည်သူတို့၏ အရေးတော်ပုံများအား ရှုံ့ချပြစ်တင်ပြီး စစ်အုပ်စု၏ဆောင်ရွက်ချက်များကို အမွှန်းတင်သော သင်ခန်းစာများအားလုံး ဖျက်သိမ်းပေးရန်။ ကျောင်းသားထုတရပ်လုံး သွေးစည်းညီညွတ်ကြ။
ဗ.က.သ များအဖွဲ့ချုပ်
Comment

No comments:

Post a Comment