Saturday, July 15, 2017

ကျွန်ုပ်တို့ တောင်သူလယ်သမားသမဂ္ဂပေါင်းစုံ သပိတ်ကြီးကြပ်ရေးကော်မတီမှ အောက်ပါကြေငြာချက်အား ကြေငြာချက်အမှတ် ၄/၂၀၁၇ အဖြစ် အတည်ပြုမှတ်တမ်းတင်သည်။ ကြေငြာချက်အမှတ်(၄/၂၀၁၇) နေ့စွဲ - ၁၅.၇.၂၀၁၇


ကျွန်ုပ်တို့ တောင်သူလယ်သမားသမဂ္ဂပေါင်းစုံ သပိတ်ကြီးကြပ်ရေးကော်မတီမှ အောက်ပါကြေငြာချက်အား ကြေငြာချက်အမှတ် ၄/၂၀၁၇ အဖြစ် အတည်ပြုမှတ်တမ်းတင်သည်။
ကြေငြာချက်အမှတ်(၄/၂၀၁၇) နေ့စွဲ - ၁၅.၇.၂၀၁၇
တောင်သူလယ်သမား ငါတို့အများ၏ဘဝ တည်ငြိမ်အေးချမ်း သာယာရေးအတွက် အောက်ပါအချက် သုံးချက်သည် ငါတို့တောင်သူများကိုယ်တိုင် အားစိုက်ထုတ်၍ သွေးသို့အလား သားသို့အလား ရင်၌၎င်း ပုခုံး၌၎င်း အသိဖြင့် တည်ထား ထမ်းရွက် တိုက်ပွဲတကာတိုက်လျက် တောင်းဆိုခဲ့သော တောင်းဆိုချက် ၃ ချက်ဖြစ်ကြောင်း ဤနေ့ ဤရက် ဤနေရာသပိတ်စခန်းတခိုမှ ငါ ကြေငြာသည်။ ပုံ အေးသိန်း
တောင်သူလယ်သမားသမဂ္ဂ တပ်ပေါင်းစု မန္တလေး

၁။တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော ပဋိပက္ခများအတွင်း ပြစ်ဒဏ်ကျခံရလျက်ရှိသော သို့ ဖမ်းဆီးထိမ်းသိမ်းခံ ထားရသော သို့ ဝရမ်းထုတ်ဆင့်ခံထားရသော သို့ တရားရုံးများတွင် တရားရင်ဆိုင်နေရသော တောင်သူများနှင့် တောင်သူအရေးတက်ကြွစွာ လှုပ်ရှားသူများ အခြားပါဝင်ပတ်သက် နေသောသူများအားလုံး ခြွင်းချက်မရှိ လွတ်င်ြမ်းချမ်းသာခွင့် ပြုရန်။

၂။မတရားသိမ်းဆည်းခံထား ရသော သို့ မသမာသော နည်းလမ်းများဖြင့် လိမ်လည်လှည့်ဖျားရောင်းချ ပေါင်နှံခံလိုက်ရသော မိမိတို့တောင်သူ လယ်သမားများ၏ မြေယာများ ပြန်လည်ရှိရေးအတွက် နိုင်ငံတော်မှ ဖွဲ့စည်းပေးထားသော မြေ/စစ်ကော်မတီနှင့် မိမိတို့တောင်သူ လယ်သမားကိုယ်စားလှယ် အစစ်အမှန်များပါဝင်သည့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (လယ်ယာကဏ္ဍ) တို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် ပူးတွဲကော်မတီမှ မိမိတို့၏မြေယာ ပြဿနာများ အပါအဝင် အခြားသော ပဋိပက္ခများအား ကိုင်တွယ်စိစစ် ဖြေရှင်းပေးရန်။

၃။နိုင်ငံတော်၏ လူတန်းစားကွာဟမှု အတိုင်းအဆ အား ကျဉ်းပစ်ရန်နှင့် ခေတ်အဆက်ဆက် အဖိနှိပ်ခံ အတားမြစ်ခံ မိမိတို့တောင်သူ လယ်သမားများ၏ လူနေမှုဘဝအဆင့် မြှင့်တင်ရန် တိုင်းဒေသကြီးအစိုးရမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတရပ်အား စေ့စပ်ညှိနှိုင်းရေးအဖွဲ့နှင့် အလျင်အမြန် တိုင်ပင်ဖွဲ့စည်း၍ ယင်းကော်မတီ၏ ဥက္ကဌအဖြစ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တာဝန်ယူဆောင်ရွက်ရန်။ မှတ်ချက်။ အထက်ပါ အဖွဲ့အစည်းများတွင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ အာဏာဟု အမည်တွင်ခေါ်ဝေါ် သုံးစွဲနိုင်မည်ဖြစ်သည့် မည်သည့်နေရာဌာနကိုမျှ ကိုင်တွယ်ဆောင်ရွက်ခြင်း အလျဉ်းမရှိစေရ။

အောင်သူ (တံတားနီ) တောင်သူလယ်သမားသမဂ္ဂပေါင်းစုံ သပိတ်ကြီးကြပ်ရေးကော်မတီ မန္တလေး

1 comment:


  1. ၁။တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော ပဋိပက္ခများအတွင်း ပြစ်ဒဏ်ကျခံရလျက်ရှိသော သို့ ဖမ်းဆီးထိမ်းသိမ်းခံ ထားရသော သို့ ဝရမ်းထုတ်ဆင့်ခံထားရသော သို့ တရားရုံးများတွင် တရားရင်ဆိုင်နေရသော တောင်သူများနှင့် တောင်သူအရေးတက်ကြွစွာ လှုပ်ရှားသူများ အခြားပါဝင်ပတ်သက် နေသောသူများအားလုံး ခြွင်းချက်မရှိ လွတ်င်ြမ်းချမ်းသာခွင့် ပြုရန်။

    ReplyDelete