Sunday, July 9, 2017

အသက်ရှည်ရှည် နေနိုင်ဖို့ သက်သက် အတွက်တော့ နေ့ရက်တွေကို ငါက ဖြုန်းတီး ပစ်မှာ မဟုတ်ဘူး၊ ငါ့ဟာ ငါ့ရဲ့ အချိန်တွေကို အသုံးဝင်အောင် သေသေချာချာ အသုံးချ သွားမှာပဲ ဖြစ်တယ်။ ဂျက်လန်ဒန်ရဲ့ ခရီဒို။ credit to Benedict Rogers for original English post.

10july2017
Hla Myint shared a post to Shwe Zin's Timeline.
Tin Win Akbar is a graduate of Rangoon Institute of Economics .
Tin lives in Japan.
Not only a democratic , labor rights & human rights activist , but also tin is a prolific talented translator.
Tin is now back in Mandalay to look after his old darling mother.
Tin is also actively involved in " inter-faith cooperation activities ".
— with U Khin Mg Swe and 9 others.
Tin Win Akbar to Working on Mandalay-university-family-2006 Group
လောင်ကျွမ်းပြီး အားကုန်ခမ်း နေတဲ့ ပြာမှုန့် ဖြစ်ရမဲ့ အစား၊
လေဟုန်ကို စီးပြီး ရှင်သန် တက်ကြွနေတဲ့ ဖုံမှုန့် ငါ ဖြစ်ချင်တယ်။
တမြေ့မြေ့ဖေါက်စား ခံရလို့ အခေါင်းသာ ကျန်တဲ့ မြေပြင်ပေါ်က ငြိမ်ငြိမ်သက်သက်နေတတ်တဲ့ သစ်တုံး၊ သစ်ပင် ဖြစ်ရမဲ့ အစား၊
မီးကျည်၊ မီးပွင့်တွေ အဖြစ် တောက်လောင်ပြီး ကောင်းကင်ယံဆီ တဟုန်ထိုး ပြေးတက်သွား ချင်တယ်။
အိပ်မှုန် စုံဝါးနှင့် ပျင်းရိစရာ အမြဲတမ်း တည်ရှိနေမဲ့ ဂြိုဟ်ကြီး ဖြစ်ရမဲ့ အစား၊
ငါ့ ကိုယ်ထဲက အက်တမ်တွေ တခုချင်းက မီးတောက်၊ မီးလျှံတွေ အဖြစ် လောင်မြိုက်လျှက် လင်းဝင်းတောက်ပစွာ အရှိန်ပြင်းပြင်းနှင့် ပြေးလွှားနေ ဥက္ကာပျံ ကြီး တခု ဖြစ်လိုက်ချင်တယ်၊
လူ့ဘဝ ဆိုတာ တက်ကြွစွာ ရှင်သန် လှုပ်ရှား ရုန်းကန်နေဖို့ ဖြစ်တယ်၊
မလှုပ် မယှက်နှင့် ငြိမ်ငြိမ်သက်သက်ကလေး အသက်ရှင် တည်ရှိနေဖို့ မဟုတ်ဘူး။
အသက်ရှည်ရှည် နေနိုင်ဖို့ သက်သက် အတွက်တော့ နေ့ရက်တွေကို ငါက ဖြုန်းတီး ပစ်မှာ မဟုတ်ဘူး၊
ငါ့ဟာ ငါ့ရဲ့ အချိန်တွေကို အသုံးဝင်အောင် သေသေချာချာ အသုံးချ သွားမှာပဲ ဖြစ်တယ်။
ဂျက်လန်ဒန်ရဲ့ ခရီဒို။
credit to Benedict Rogers for original English post
Comment

1 comment:

  1. တမြေ့မြေ့ဖေါက်စား ခံရလို့ အခေါင်းသာ ကျန်တဲ့ မြေပြင်ပေါ်က ငြိမ်ငြိမ်သက်သက်နေတတ်တဲ့ သစ်တုံး၊ သစ်ပင် ဖြစ်ရမဲ့ အစား၊
    မီးကျည်၊ မီးပွင့်တွေ အဖြစ် တောက်လောင်ပြီး ကောင်းကင်ယံဆီ တဟုန်ထိုး ပြေးတက်သွား ချင်တယ်။

    ReplyDelete