Thursday, June 15, 2017

အချိန်ကာလက ၁၉၉၀ ရွေးကောက်ပွဲကြီးပြီးလို့ ရာခိုင်နှုန်း ၈၀ ကျော်နဲ့အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေးဘဲ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားကိုပြန်မှာပါလို့ ကတိတွေပေးခဲ့တဲ့ အဲ့ဒီခေတ်တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးစောမောင်ကို ကျန်းမာရေးအကြောင်းပြု ဖယ်ရှားပြီး အခုထိသက်ရှိထင်ရှားရှိနေသေးတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခပ်တည်တည်နဲ့ပဲ ရာဇပုလ္လင် ပေါ်တက်ထိုင်လိုက်တဲ့အချိန်ပေါ့ ..... ၊

16 june 2017
" ပြောရဦးမယ် မယ်စံတူရေ ( ၁၄ ) "
ဟိုး .... တစ်ချိန်တစ်ခါတုန်းက ရုပ်ရှင်ထဲမှာ မြန်မာရုပ်ရှင်ကားတွေထဲက သေနပ်ပစ်တဲ့အခါမှာထွက်တဲ့အသံက တကဲ့သေနပ်သံနဲ့မတူပဲ ထွန်းညွန့် ထွန်းညွန့် ဆိုတဲ့အသံထွက်နေလို့ နောက်တတ်တဲ့ ပြောင်တတ်တဲ့သူတွေကြားထဲမှာ ထွန်းညွန့် .... ထွန်းညွန့် .... မအေးညွန့် ... မအေးညွန့် ဆိုပြီး ရယ်စရာ ဟာသ လုပ်ခဲ့ကြတယ် .... ဒီဘက်ခေတ်မှာတော့ ထွန်းညွန့် .... ထွန်းညွန့် .... မအေးညွန့် .... မအေးညွန့် ဆိုတဲ့အသံမကြားရတော့ပါဘူး ... ကလေးတွေလည်း မသိလောက်တော့ပါဘူး သူတို့တောင် ပလတ်စတစ်သေနပ်ကလေးတွေနဲ့ စစ်တိုက်တမ်းကစားတာလည်း မတွေ့ရတော့ပါဘူး ...... လူကြီးတွေက တစ်ကယ်တိုက်နေကြတာကိုး ၊ ဒါပေမဲ့ ကလေးတွေက ဖုန်းနဲ့ပဲဖြစ်ဖြစ် ဂိမ်းဆိုင်မှာပဲဖြစ်ဖြစ် စစ်ပွဲအကြီးစားကြီးတွေတိုက်နေကြတယ်တဲ့ ၊ ငါကလည်း ခေတ်နောက်ကျန်နေခဲ့တဲ့ ခေတ်ဆွေးကိုယ်တော်ကြီးဆိုတော့ အဲ့ဒါတွေ သိပ်မသိတော့ဘူး ....
‌ထားပါတော့လေ ငါပြောချင်တဲ့အကြောင်းကနေ လမ်းချော်ထွက်သွားမစိုးလို့ လိုရင်းပြောပြပါ့မယ် ၊
ဒီလိုဟ .... ထွန်းညွန့် မအေးညွန့် လောက်သာသိတဲ့ ငါ အခုရက်ပိုင်း ထူးထူးခြားခြားကြားနေရတာက မတင်ညွန့် မတင်ညွန့် ဆိုတဲ့အသံတွေက ဖေ့စ်ဘွတ်တစ်ခွင် ပြဲပြဲစင်နေပါ့လား .... ဒါပေမဲ့ သူတို့ဘာကိုဆိုလိုမှန်းငါလုံးလုံးမသိဘူးဖြစ်နေတယ် ၊ ဒါပေမဲ့ ဒီ တင်ညွန့် တင်ညွန့်ဆိုတဲ့ နာမည် ငါ ကြားဘူးသလိုလိုတော့ ရှိတယ်ဆိုပြီး ငါ့ ဦးနှောက်ကို နည်းနည်းအလုပ်ပေးလိုက်တော့မှပေါ်လာတော့တာကိုး ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်လောက်က ကာတွန်းတစ်ကွက်ထဲမှာတွေ့ခဲ့ဘူးတာဖြစ်နေတယ် ၊ ကာတွန်းကလည်း ခေတ်နဲ့စနစ်ကို သရုပ်ဖော်တာကောင်းလွန်းတော့ ဒီလောက်နှစ်တွေကြာတာတောင် မမေ့ဘူးဖြစ်နေတယ် .... ကာတွန်းရေးသူကိုတော့မသိတော့ပါဘူး ၊ နာမည်ကလည်းလျှို့ဝှက်ရေးရတာလေ ၊ ဒီ အကြောင်းလေး နင့်ကို ဗဟုသုတအဖြစ်ပြောပြချင်တာဆိုတော့ နောက်ကြောင်းလေး ပြန်လိုက်ကြဦးစို့
မယ်စံတူရေ .....

‌အချိန်ကာလက ၁၉၉၀ ရွေးကောက်ပွဲကြီးပြီးလို့ ရာခိုင်နှုန်း ၈၀ ကျော်နဲ့အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေးဘဲ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားကိုပြန်မှာပါလို့ ကတိတွေပေးခဲ့တဲ့ အဲ့ဒီခေတ်တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးစောမောင်ကို ကျန်းမာရေးအကြောင်းပြု ဖယ်ရှားပြီး အခုထိသက်ရှိထင်ရှားရှိနေသေးတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခပ်တည်တည်နဲ့ပဲ ရာဇပုလ္လင် ပေါ်တက်ထိုင်လိုက်တဲ့အချိန်ပေါ့ ..... ၊ ၁၉၈၈ ဒီမိုကရေစီအရေး တိုက်ပွဲကြီးကြောင့် နှစ်ရှည်လများ ပိတ်ခဲ့တဲ့ ငါတို့်ရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးလည်းပြန်လည်အသက်ဝင်လို့ ၊ တစ်ချို့သူငယ်ချင်းတွေလည်း တောထဲရောက် ၊ တချို့သူငယ်ချင်းတွေလည်း အဖမ်းအဆီးခံရပြီး ထောင်ထဲရောက်သွားကြရတယ် ၊ အဖမ်းမခံရလို့ လွတ်နေတဲ့သူတွေကလည်း မစိုးရိမ်တိုက် မြတောင်တိုက်တို့လို ဘုန်းကြီးကျောင်းတွေထဲမှာ ပုန်းအောင်းလို့ ဆက်လက်တိုက်ပွဲဝင်နေကြတာပေါ့ .....အဲ့ဒီမှာ ငါတခုသတိထားမိတာလေးက မြတောင်တိုက်ကနဲ့တူရဲ့ ဥတ္တမဂျာနယ်ဆိုပြီးတော့ တစ်လတစ်ကြိမ်ထုတ်ပြီး လျို့ဝှက်စွာဖြန့်ချီခဲ့တယ် ၊ ဂျာနယ်ဆိုပေမဲ့ မ ဆ လ ခေတ်က ဒို့ကျောင်းသားစာစောင်ဆိုဒ်လောက်ရှိတဲ့ စာအုပ်ပါပဲ ၊ ဒီ ဥတ္တမဂျာနယ် ငါ့တို့ဆီကိုဘယ်ပုံဘယ်နည်းနဲ့ ရောက်ရှိသလဲဆိုတော့ ဒီတုန်းက ငတို့အိမ်ကိုနေ့စဉ်ဆွမ်းခံကြွတဲ့ မြတောင်တိုက်က ကိုယ်တော်က သူ့ရဲ့သပိတ်ထဲမှာ စာအုပ်တွေဝှက်ယူလာပြီး သူ့ ဒကာ ဒကာမတွေကတဆင့်ဖြန့်တာပေါ့ဟာ ၊ အဲ့ဒီ ဥတ္တမဂျာနယ် တအုပ်ထဲက ကာတွန်းတစ်ကွက်ထဲမှာ ငါ မှတ်ခဲ့ဘူးတဲ့ တင်ညွန့်ပါတာပေါ့ဟာ ......
ရုပ်ရှင်မင်းသား ပြေငြိမ်း တောင်ငူမြို့ ခပေါင်းတံတားပေါ်မှာ မီးရထားပေါ်က လိမ့်ကျပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အချိန် ၊ မန်းတလေး ဆေးတက္ကသိုလ်ပါချုပ်ကြီး ဒေါက်တာဖေသိန်းက စစ်ပညာမတတ်ပါဘဲနဲ့ ဝန်ကြီးလုပ်ချင်တော့ ဗိုလ်မှူးကြီး ဖေသိန်းအဖြစ် အရှက်မရှိခံယူခဲ့ချိန် ၊ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချူပ်ကြီးခင်ညွန့် အရှိန်အဝါကောင်းကောင်းနဲ့ အာဏာပါဝါတွေထုတ်ပြနေချိန်ပေါ့ ......
ကာတွန်းကွက်လေးက ဒီလို မယ်စံတူရေ .... မှတ်မိသလောက်ပေါ့....
‌ယမမင်း ခေါ်မလား ငရဲမင်းကြီး ခေါ်မလား အဲ့ဒီ ပုဂ္ဂိုလ်​ကြီးက လက်ထဲမှာလည်းခက်ရင်းခွလိုပုံစံရှိပြီး ချွန်ထက်တဲ့ လက်နက်ရှည်ရှည်ကြီးကိုင်လို့ ၊ သု့ရှေ့မှာငုတ်တုတ်လေးလားမသိဘူး ထိုင်နေတဲ့ သေမင်းဆိုတဲ့ကောင်ကို ငေါက်ငမ်းနေတာ ၊ သူတို့ နှစ်ယောက်ရဲ့ အလယ်မှာလည်း ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးကြီးက အငွေ့တထောင်းထောင်းထလို့ ၊ဟိုကောင်သေမင်းလည်း မျက်နှာလေးကပျက်လို့ ..... ဘယ်လိုငေါက်ငမ်းနေလည်းဆိုတော့ ....

" ဖေသိန်းခေါ်ခဲ့ပါဆို ပြေငြိမ်းကို ခေါ်လာတယ် ....... ဒီတခါ ခင်ညွန့်ခေါ်ခဲ့ တင်ညွန့်တော့ မှားခေါ်မလာခဲ့နဲ့ သွား " တဲ့ ဘယ်လောက်ကောင်းလိုက်တဲ့ ကာတွန်းလေးလည်း ကြည့်စမ်း .....ခေတ်ရဲ့သရုပ်သကန်ပီပြင်လိုက်တာ ....
ဒါပါပဲ ငါသိခဲ့တဲ့ တင်ညွန့် တင်ညွန့် ဆိုတာ ၊ အခုအင်မတန် နာမည်ကျော်နေတဲ့ မတင်ညွန့် မတင်ညွန့်ဆိုတာ ငါလုံးဝ လုံးဝ မသိဘူးနော် မတင်ညွန့်ရေ အဲ အဲ မှားလို့ မယ်စံတူရေလို့ .......
‌ အားလုံးကိုပျော်စေချင်တဲ့
ကိုဇော်
( ဥတ္တမဂျာနယ်ကို လျို့ဝှက်စွာ ထုတ်ဝေခဲ့သည့်နေရာ မှားယွင်းနေပါက သိသူ သူငယ်ချင်းများ အမှန်တည့်ပေးပါရန် - ဥတ္တမဂျာနယ်သည် သမိုင်းဝင်မှတ်တိုင်တခုဖြစ်သည့်အတွက်ကြောင့်ပါ ..... )
Comments
Image may contain: 1 person, smiling, standing
Ko Latt
Ko Latt goodတယ်
LikeShow more reactions
· Reply ·
1
· 8 hrs
Remove
San Sankyaw
San Sankyaw ဒီလို​တွေလည်းဖြစ်​တာပဲ​နော်
LikeShow more reactions
· Reply ·
2
· 8 hrs
Remove
Oo Kyaw
Oo Kyaw အစ်​ကို ကိုကြည့်​ ရတာ လက်​တင်​ ဂစ်​ဘဲကြီး ကာလို့ စန်​တာနာ ပိုပြီး ​တူလာသလိုဘဲ Black magic woman ဖန်​တီးရှင်​ကြီး​ပေါ့ အစ်​ကို​ရေ
LikeShow more reactions
· Reply ·
3
· 7 hrs · Edited
Remove
Shwe Zin
Shwe Zin စာရေးဆရာကြီး အတော်မှတ်မိတာဘဲ ဖတ်လို့ ကောင်းတယ်
LikeShow more reactions
· Reply ·
5
· 7 hrs
Remove
Phyo Wai Hlaing
Phyo Wai Hlaing ကျနော် အဲ့ကာတွန်းကို ဖတ်ဖူးတယ် အကို
:D
LikeShow more reactions
· Reply ·
3
· 7 hrs
Remove
Minthu Kha
Minthu Kha ရေးသား တင်ပြပုံ ကောင်းတယ်
ဟဿ ရသ လည်း ပေါ်လွင်တယ်
LikeShow more reactions
· Reply ·
1
· 3 hrs
Remove
Zaw Win
LikeShow more reactions
· Reply ·
1
· 1 hr
Remove
Khin Maung Myint
Khin Maung Myint သမိုင်း...
LikeShow more reactions
· Reply · 42 mins
Remove
Myint Swe
Myint Swe ကျွန်တော်သိသလောက်တော့ ဝေယံဘုံသာတိုက်က
ထွက်တာဗျ

1 comment:

  1. ko zaw is a physics graduate of mandalay universitty.
    zaw settles in Maymyo.
    Zaw is in AgroChemicals biz & mobile phone biz.
    Zaw was actively involved in 8888 revolution.

    ReplyDelete