Tuesday, August 1, 2017

၂၀၀၈ တ်ေသစ် " မယ် နု " ယဉ်ထိန်း ရဲ ပါး ၃ ချက် ရိုက်


According to unconfirmed reports , this motorist lady is great grand daughter of nan ma daw mei nu နန်းမတော်မယ် နု
နန်း မတော်မယ် နုဆိုတာက အင်းဝခေတ်က နေလို လလို ကျော်ကြား တဲ့ မိဘုရားကြီးတပါးပါ
အင်းဝ ခေတ်သာ သနာပိုင်ကြီးတောင် ပိဋိ ကဋ် ထဲက မိဘုရားကြီး
နံမယ် " နု " ပါတဲ့ နေ ရာတွေ ကိုပယ်ဖျက် ပေးရ တယ်လို့ သက်ကြီးစကား ကြားဘူးတယ်ဗျ
အဲဒီ ခေတ် တုံးက အခု transition ကာလမှာလို
" သတင်းမှန် ထုတ်ပြန်ရေး အဖွဲ့တွေ " မရှိ တော့ Official citation တော့ မပေး နိုင်တာ ဝမ်းနဲပါတယ်ဗျာ










shared Aung Myint's post.
22 hrs ·

Aung Myint
23 hrs ·
1-8-17 IT HAPPENS AS THERE IS NO CORRECT RULE OF LAW
(စစ်မှန်တဲ့တရားဥပဒေစိုးမိုးရေးမရှိလို့ )
-
-
-
ငယ်ငယ် ရေ -
-
အခုလိုယဉ်ထိမ်းရဲနဲ့ ဖြစ်တဲ့ကိစ္စတွေဟာ-(စစ်မှန်တဲ့တရားဥပဒေစိုးမိုးရေး)မရှိလို့ ဖြစ်နေတာပါ။
-
တရားဥပဒေစိုးမိုးရေးဆိုတာ(၂၀၀၈စစ်ဥပ်ဒေ)အောက်မှာပြည်သူအတွက်ပြည့်စုံအောင်မကာကွယ်ပေးနှိုင်ပါဘူး။စစ်ဗိုလ်ချုပ်ကြီးများအတွက်ကာကွယ်ပေးတဲ့ဥပဒေသာဖြစ်တယ်။
-
၁၉၄၇ခုဒီမိုကရေစီဖွဲ့ စည်းပုံကိုပြန်သုံးလာတော့မှအခုလိုမမျှတတဲ့ဖြစ်ရပ်တွေကိုထိမ်းသိမ်းပေးနှိုင်ပါလိမ့်မယ်။မလိုအပ်တဲ့ပရိပက္ခတွေဟာလည်းတိမ်မြုတ်ပျောက်ကွယ်သွားပါလိမ့်မယ်။
-
အဲ့ဒီ၁၉၄၇ခုဖွဲ့စည်းပုံကိုသာပြန်တောင်းပါ။
-
ဗိုလ်ချပ်အောင်ဆန်းရေးဆွဲပေးခဲ့တဲ့ဖွဲ့ စည်းပုံဖြစ်ပြီးဝန်ကြီးချုပ်ဦးနုလက်ထက်-အဲ့ဒီဖွဲ့ စည်းပုံကိုသုံးပြီးတိုင်းပြည်တည်ဆောက်ခဲ့တဲ့အချိန်မှာ-မြန်မာနိုင်ငံဟာအရှေ့ တောင်အာရှမှာအချမ်းသာဆုံးအတိုးတက်ဆုံးဖြစ်ခဲ့ပါတယ်။
-
၄၇ခုဖွဲ့ စည်းပုံနဲ့ တိုင်းပြည်ကိုပြန်လည်တည်ဆောက်ကြပါစို့ ။
-
-
-
ဗိုလ်အောင်ဒင်(ပီဒီပီ-၁၉၇၀)
ဥက္ကဌ(ပါလီမန်ဒီမိုကရေစီပါတီ - မြန်မာနိုင်ငံ)
-
-----------------------
-
Zin Moe --- added 3 new photos.Follow
July 30 at 12:02am • 2017
-
မော်လမြိုင် စမ်ကြီးတာဝန်ကျ ယာဉ်ထိန်းရဲပါး၃ချက်ရိုက်ခံထိ
ဒီနေ့ မနက် သတင်းတစ်ခုကြားတယ် …
ယာဉ်ထိန်းရဲ ပါး၃ချက် ရိုက်ခံထိတယ်တဲ့… ထ(ခွဲ)စမ်ကြီးကျောင်းရှေ့ ကျောင်းသားတွေ မျဉ်းကြားက ကူးနေချိန် တာဝန်ကျရဲက တားထားတာ ဆိုင်ကယ် အရှိန်နဲ့ ဖြတ်မောင်းတယ်၊သားအမိနှစ်ယောက်ပါ။
ယာဉ်ထိန်းရဲလည်း အဖွားကြီး ဘယ်ငေး မောင်းတာလဲလို့လှမ်းအော်ပါတယ်(သူ မှန်တယ်…ကလေးတွေ ဖြတ် နေချိန် အော်ရမှာပဲလေ)…
ဆိုင်ကယ်က လွန်သွားပြီး စမ်းကြီး အင်းဝိုင်းထိပ်ရောက်မှ ပြန်လှည့်လာပါတယ်။ယာဉ်ထိန်းရဲကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး နင့် သောက်ဆင့်ဘယ်လောက်ရှိလဲ ငါတို့ဘာလည်းသိလား တပ်ထဲကတဲ့… ဒီကျောင်းရှေ့ရောက်ရင် တိုင်းမှူးတောင် ကားရပ်ပေးတယ်လို့ ဆရာမတစ် ယောက် ပြောပြပါတယ်။
ရဲလည်း မှတ်တမ်းယူမို့ ဆိုင်ကယ်ကြည့်တော့ နံပတ်ပြားမပါ လိုင်စင်မပါ ဆိုင်ကယ်ဦးထုတ်မပါ ပါဘူး။ဆိုင်ကယ်ကို ဓာတ်ပုံရိုက်တော့ ပါး၃ချက် ဝင်ရိုက်ပါတယ်တဲ့ (ယာဉ်ထိန်းရဲ ပြောပြတာပါ)
ယာဉ်ထိန်းရဲက ရုံးပြန်ပြီး စာတင်တရားစွဲဖို့ ပြင်ဆင်ပါတယ်။မွန်းလွဲ ၂နာရီမှာ နှစ်ဖက်ချိန်းပြီး အမှုနားထောင်ဖို့ ယာဉ်ထိန်းရဲ ၃ပွင့်၂ယောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျောင်းအကျိုးဆောင်များ ကျောင်းအုပ်ဆရာမကြီး တာဝန်ကျဆရာမများ အခင်းဖြစ်ပွားသူများ ရောက်လာကြပါတယ်။
(ယာဉ်ထိန်းအရာရှိ နှစ်ယောက်နဲ့ ရဲဘော်လေးက အစောဆုံးရောက်ပြီး ဟို သားအမိကို မပြန်လာလို့ သွားခေါ်ရပါတယ်)
နှစ်ဖက်ပြောကြားချက် သက်သေထွက်ဆိုချက်တွေအရ သားအမိ အမှားပါ…
သို့သော် အတော်တင်းမာသောပုံစံ လုပ်နေတာက သူတို့ပါ…
တပ်ထဲကတော့ ဟုတ်မှာပါ…သူတို့ သားအမိနှစ်ယောက်တည်း လာပါတယ်…
အတန်ကြာမှ သူတို့မှားတယ်တဲ့ တောင်းပန်တယ်တဲ့…
သူတို့အရှိန်များနေလို့ မရပ်တာ တဲ့…
အရှိန်များလို့ မရပ်ရင် ဘာကြောင့်ပြန်လှည့်လာပြီး ပါးလာရိုက်သလဲ ပြဿနာ လာရှာသလဲ တဲ့…
(ရဲအရာရှိ အမေးပါ)
ယာဉ်ထိန်းရဲရဲ့ သဘောကိုမေးတော့ လူအများရှေ့ မှာ ယူနီဖောင်းနဲ့တာဝန်ချိန်မှာ သူ့ကို အရှက်တကွဲဖြစ်အောင် အစုံပြောတယ် ပါးရိုက်တယ်။သူ တရားစွဲပါမယ်တဲ့။အစ်မတို့ သားအမိလည်း တရားစွဲချင်စွဲတဲ့။
သက်သေတော့ ခိုင်လုံပါစေတဲ့။
ဆရာမတွေရဲ့ စကားကတော့ ဒီမှာ ကြေအေးရင် နောက်တစ်ခါ နောက်ထပ်တွေများစွာနဲ့ ထပ် ထပ် ပါးလိုက်ရိုက်နေပါမယ် တဲ့။ ယာဉ်ထိန်း ယူနီဖောင်းနဲ့တောင် ဒီလိုလုပ်ရင် ဆရာမတွေချည်းပဲ တားရင် ဘယ်လိုတောင်လုပ်မလဲ ဆရာမတွေ တွေးပူကုန်ကြပါတယ်။
(ဘယ်လို နိဂုံးချုပ်လည်း ကျမ မသိတော့ပါ။)
အဲ့ဒီကျောင်းရှေ့မှာ ကြာသပတေးနေ့ကပဲ ယာဉ်ထိန်းရဲတာဝန်မရှိချိန် လမ်းဖြတ်ကူးတဲ့ ကလေးနဲ့ နည်းပညာကျောင်းသားတွေ ဆိုင်ကယ်တိုက်မိတာ ခုထိဆေးရုံမှာ အမှု မကြေအေးသေးပါဘူးတဲ့။
အခြေခံကျောင်းရှေ့တိုင်းမှာ ယာဉ်ထိန်းရဲ ရှိခြင်းကြောင့် ကလေးတွေအတွက် အန္တရာယ်ကင်းပါတယ်။ မိုးရေထဲမှာ သူတို့လည်း အသက်အန္တရာယ်ရှိစွာနဲ့ လမ်းလယ်မှာ ပြည်သူတွေအတွက် တတ်နိုင်သမျှ လုပ်ပေးနေတာပါ။ တားနေရင်းက အရှိန်နဲ့ဖြတ်မောင်းကြလို့ တိုက်ပါပြီးတဲ့။
ဒါ ဘယ်သူ့တာဝန်ချိန်လည်း ဆိုတာ ရင်ဆိုင်ရပါတော့မယ်။
ပြည်သူများ အနေဖြင့်လည်း နားလည်ပေးကြပါ။ ကူညီပေးကြပါ။ ကလေးတွေကျောင်းလွှတ်ချိန် ခဏလေးရပ်စောင့်ပေးလိုက်ကြပါရှင်။ မိမိသားသမီးများ လမ်းဖြတ်နေတယ်လို့ ခဏလောက် တွေးပေးလိုက်ကြပါ။
ကူညီကြခြင်းဖြင့် ပြည်သူများအတွက် ပြည်သူများ အတူတူ ကြိုးစာကြရပါမယ်။ကျေးဇူးတင်ပါတယ်။
#ငယ်ငယ်
Crystal White
https://m.facebook.com/story.php
-
---------------------
-
အောက်ပါဝက်ဆိုင်တွင်မူရင်းစာများကိုတွေ့ နှိုင်ပါသည်။
https://www.facebook.com/zayarmin.tun.9/…/10154974640803458…
-
------------------------

LikeShow more reactio

2 comments:

  1. ဆိုင်ကယ်က လွန်သွားပြီး စမ်းကြီး အင်းဝိုင်းထိပ်ရောက်မှ ပြန်လှည့်လာပါတယ်။ယာဉ်ထိန်းရဲကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး နင့် သောက်ဆင့်ဘယ်လောက်ရှိလဲ ငါတို့ဘာလည်းသိလား တပ်ထဲကတဲ့… ဒီကျောင်းရှေ့ရောက်ရင် တိုင်းမှူးတောင် ကားရပ်ပေးတယ်လို့ ဆရာမတစ် ယောက် ပြောပြပါတယ်။
    ရဲလည်း မှတ်တမ်းယူမို့ ဆိုင်ကယ်ကြည့်တော့ နံပတ်ပြားမပါ လိုင်စင်မပါ ဆိုင်ကယ်ဦးထုတ်မပါ ပါဘူး။ဆိုင်ကယ်ကို ဓာတ်ပုံရိုက်တော့ ပါး၃ချက် ဝင်ရိုက်ပါတယ်တဲ့ (ယာဉ်ထိန်းရဲ ပြောပြတာပါ)

    ReplyDelete

  2. According to unconfirmed reports , this motorist lady is great grand daughter of nan ma daw mei nu နန်းမတော်မယ် နု
    နန်း မတော်မယ် နုဆိုတာက အင်းဝခေတ်က နေလို လလို ကျော်ကြား တဲ့ မိဘုရားကြီးတပါးပါ
    အင်းဝ ခေတ်သာ သနာပိုင်ကြီးတောင် ပိဋိ ကဋ် ထဲက မိဘုရားကြီး နံမယ် " နု " ပါတဲ့ နေ ရာတွေ ကိုပယ်ဖျက် ပေးရ တယ်လို့ သက်ကြီးစကား ကြားဘူးတယ်ဗျ
    အဲဒီ ခေတ် တုံးက အခု transition ကာလမှာလို
    " သတင်းမှန် ထုတ်ပြန်ရေး အဖွဲ့တွေ " မရှိ တော့ Official citation တော့ မပေး နိုင်တာ ဝမ်းနဲပါတယ်ဗျာ

    ReplyDelete