Tuesday, May 30, 2017

Goalshal Lay ယခုမေလ ၁၉ရက် ၂၀၁၇မှာထပ်မံပစ်သတ်သော Video ဖိုင် ကျနော် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို လေးစားပါတယ်

30 may 2017.
Myanmar HMO forces are killing more poor civilians again at the unseen sight.
Goalshal Lay
ယခုမေလ ၁၉ရက် ၂၀၁၇မှာထပ်မံပစ်သတ်သော Video ဖိုင်
ကျနော် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို လေးစားပါတယ်
ပြသနာက ၀န်ကြီးချုပ်ရဲ့ အောက်မှာ ပြည်ထဲရေးမရှိဘူး
ဝန်ကြီးချုပ်က အလုပ်တကယ်လုပ်ပါတယ်
သူက ဒီပြသနာကို ဖြေရှင်းဖို့ လွန်ခဲ့တဲ့ အပတ်ကပဲ သူ့ရုံးထဲမှာ ဆွေးနွေးတယ်
အဖြေက သူ့လက်ထဲမှာ မရှိဘူး
ဘာ့ကြောင့်လဲ
၂၀၀၈ အခြေခံ ဥပဒေပြသနာကြောင့်ပဲ
တိုင်းပြည်မှာ အလုပ်လက်မဲ့တွေ ငွေရနိုင်တဲ့ နေရာကိုသွားတယ်
အဲ့ဒီမှာ ယခု ပြည်သူ့ အစိုးရ မတက်ခင်ကတည်းက ဦးပိုင်နဲ့ စီးပွားရေးသမာ်းတွေ အားလုံး လက်ဝါးကြီးအုပ်ထားခဲ့ကြတယ်။
ဦးပိုင် အနောက်မှာ ပြည်ထဲရေး လက်မရွံ့နဲ့ စစ်တပ်ရှိတာ လက်ပံတောင်းက သက်သေ ခံထားခဲ့ပြီးပါပြီး
ယခုက ခန္ဓီး
ရေမဆေးကျောက်သမားတွေ မြေဇာပုံအောက်မှာ ကျောက်ကောက်နေကြတယ်
ရသမျှကျောက်တွေကို အနီးနားက ရွာထဲမှာ ပြန်ရောင်းကြပါတယ်
ရွာထဲက ငွေးသားတ၀က်နဲ့ ဘိန်း ယာမ တ၀က် ပြန်ပေးတယ်
အဲ့ဒီရွာကို ဘယ်သူအုပ်ချုပ်တာလဲ
တပ်က ထွက်လာတဲ့ သူတွေ အုပ်ချုပ်ထားတယ်
ရေမဆေး ကျောက်ကောက်သူမှာ လမ်းက နှစ်လမ်းပဲ ရှိတယ်
ဘိန်းစွဲပြီး သေမလား ပစ်သတ်ခံထိပြီး သေမလား။
စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ထောင်ထဲမှာ နေခဲ့တဲ့
ကျနော့် ရဲဘော် သွားတွေ့တယ် သူက အရမ်းကို စိတ်ပျက်နေတယ်
သူက ပြည်သူကို တကယ် အဆင်ပြေချင်တယ်
ဖြေရှင်းဖို့ အစရှာမရအောင်ကို လုပ်ထားတယ်လို့ သူပြောပြတယ်
အခု ထပ်ပြီး ပစ်သတ်လိုက်တယ် ကျနော်တို့ ၀န်ကြီးချုပ်ကို အကြောင်းကြားတယ်
သူက ဖုန်းကိုင်ပါတယ် နားပဲ ထောင်နိုင်တော့တယ် တကယ့် အဖြေမပေးနိုင်ရှာဘူး
ကျနော်တို့ အားလုံးစုပေါင်းသင့်တယ် မတရားတာတွေကို ဖေါ်ထုတ်မယ်
ညီညီညွတ်ညွတ်နဲ့ လက်တွဲမယ် ပြည်သူ့အပေါ် ကောင်းတဲ့ အစိုးကို ၀န်းရံမှ အရွေ့တစ်ခု အပြောင်းလဲတစ်ခုကို ရမယ် လို့ ကျနော် ယုံကြည်တယ်။
ဥပဒေအထက်မှာရှိနေတဲ့ ပြည်ထဲရေးနဲ့ စစ်တပ်အကြောင်း ကျနော် ဆက်ပြောမယ်။
အားလုံးမသိတဲ့ အချက်တစ်ခု ပြည်သူတွေ သိသင့်တယ် မကြာခင် ကျနော် တင်ပြနိုင်ဖို့ ပြင်ဆင်နေတယ် အထောက်ထား အတော်လည်းရပါပြီ။
အခု ပြည်ထဲရေးက ဦးပိုင် အမိန့်နဲ့ ပစ်တယ် စည်းဝင်း အပြင်ဘက်မှာပါ/
ကျနော် အရမ်းဝမ်းနည်းတယ် မရှိဆင်းရဲတဲ့ ပြည်သူတွေကို ပစ်သတ်တာ မရပ်ကြသေးလို့ပဲ။ ခံပြင်းမှုတွေလည်းဖြစ်နေတယ်။ ညာဏ်သုံးပြီး ဆက်လုပ်ဖို့ပဲ ကျနော် ဆုံးဖြတ်တယ်။ ကျနော့် ပြည်သူတွေအတွက် ကျနော့်ဘ၀ကို အချိန်ပေးမယ် ကူမယ်။
အခု ကတော့....
ခြောက်ယောက်သေတယ်လို့ သိရတယ် လက်ရှိ အမိအရ ကျနော်တို့ ရတဲ့ ဖိုင်ကို တင်ပေးလိုက်တယ်။ ပစ်ခတ်နေတဲ့ အသံတွေက ဘယ်နှစ်ယောက်လောက်သေနိုင်သလဲဆိုတာ ခန့်မှန်းလို့ ရလောက်မယ် ထင်ပါတယ်။
တခြားဖိုင်တွေကို ကျနော် လေ့လာနေတယ် လက်ထဲတော့ရောက်ပါပြီ။
ငြင်းလာမှ ဆက်တင်မယ်။
ဂိုလ်ရှယ်လေး
-2:26
72K Views
Sad

2 comments:

  1. Sagaing division.
    Unlawful killings coontinue.
    Chief Minister feels helpless.

    ReplyDelete
  2. Sagaing division.
    Unlawful killings coontinue.
    Chief Minister feels helpless.

    ReplyDelete