Thursday, November 23, 2017

Endangered species /A role model/A SAINT./ I love him , but i am worried about his family 24 nov. 2017.



  1. @hlamyint1940 https://sites.google.com/site/mandalayuniversityfamily2009/a-role-model-a-saint-endangered-species … A role model , a saint , endangered species.
    i love this person , but i am worried about his family.
  2. @hlamyint1940 RipVanWinkle lived in America about 2 centuries ago. This person lives in Burma today.


Endangered species /A role model/A SAINT./ I love him , but i am worried about his family

On Wednesday, August 26, 2015 at 3:44:18 PM UTC+6:30, Hla Myint wrote:
nyeinchansarpay.blogspot.com shared Lwin Pyin's photo.
Published by Hla Myint ·
Lwin Pyin's photo.
"ကောက်ရသော ကျပ်သိန်း ကိုးဆယ် ပြန်အပ်သည့် ဆိုက်ကားနင်းသူ အား ပြည်မြို့ခံများ ဂုဏ်ပြု "
----------
ဘဏ်မှ ထုတ်ယူပြီး မေ့ကျန် ခဲ့သော ကျပ်သိန်း ကိုးဆယ်ကျော် ပါရှိသည့် ငွေထုပ် ကို တွေ့ရှိပြီး ပြန်လည်ပေးအပ် ခဲ့သူ အနှေးယာဉ် လုပ်သား ဦးစန်းဝင်းအား ဂုဏ်ပြု သည့် အနေဖြင့် ပြည်မြို့ဒေသခံ များ စုပေါင်း၍ စာရိတ္တ ဂုဏ်ရည်ဆု ချီးမြှင့် ခဲ့သည်။
မြန်မာ့ စီးပွားရေးဘဏ်မှ ထုတ်ယူ ထားသော ကျပ်သိန်း ကိုးဆယ်ခန့် ရှိငွေထုပ် ကောက်ရသည့်နေ့ တွင် ငွေထုပ်တွင် ပါရှိ သည့် လိပ်စာ အတိုင်း လိုက်ရှာ ပေးသော်လည်း မတွေ့သဖြင့် မြန်မာ့ စီးပွားရေးဘဏ် မန်နေဂျာ ထံ ပြန်လည် အပ်နှံ ခဲ့ကြောင်း မေ့ကျန်ခဲ့သူမှာ RTCမှ ဝန်ထမ်း တစ်ဦးက လစာငွေများ ထုတ်လာခြင်း ဖြစ်ပြီး ၎င်း၏ တစ်လစာငွေအား ကျေးဇူးဆပ်သည့် အနေဖြင့် ကန် တော့သော်လည်း ကိုယ်ချင်းစာပြီး လက်မခံခဲ့ ဘဲ ပြည်မြို့ရှိ စေတနာရှင် ဒေသခံများက ရိုးဂုဏ်ကို ချီးမြှင့်ခြင်းဖြစ် သဖြင့် ဝမ်းသာစွာ လက်ခံပြီး ဘဏ်၌သာ အပ်နှံ ထားကြောင်း ဦးစန်းဝင်း ကပြောသည်။
အဆိုပါ အနှေးယာဉ် လုပ်သား၏ အကျင့် စာရိတ္တအား ဂုဏ်ပြုသည့် အနေဖြင့် မြိုခံလူထု ၇ဝ ကျော်စုပေါင်း ၍ ငွေကျပ် ခုနစ် သိန်းငါးထောင် ဆုချီးမြှင့် ခဲ့သည်။
‘‘ဒီလိုပြုလုပ်ပေးမယ်လို့ မထင်ထားဘူး။ ကိုယ့်ရဲ့ ရိုးသားမှု ကို အသိအမှတ်ပြုတဲ့ အတွက် ဝမ်းသာပီတိ ဖြစ်ရတယ် ။ကောက် ရတဲ့ အဲဒီငွေတွေ ကို ပြန်မပေးဘဲ ထားလို့ ရပါတယ်။ ဒါပေမဲ့ ပျောက်သွားတဲ့ လူဘက်ကို ကိုယ်ချင်းစာ တယ်။ လိုက်ရှာပြီး ပြန်ပေးတယ် ။ ကောက်ရတဲ့ငွေတွေနဲ့ ကျွန်တော့် မိသားစု စာဝတ်နေရေးမှာ အသုံး ပြုဖို့ဟာ လုံးဝ စိတ်မသန့်ဘူး’’ဟု ဦးစန်းဝင်း ကပြောသည်။
‘‘ကျွန်တော်တို့ ဒေသခံတွေ က စုပြီး ချီးမြှင့်တာ။ တစ်ထောင် ထည့်တဲ့ သူလည်း ပါတယ် ။ နှစ်ထောင်၊ ငါးထောင် စသည်ဖြင့်ပေါ့ ။ တစ်သိန်း အလှူရှင် ကတော့ မလေးရှားကနေ လှမ်းလှူတာ ဖြစ်တယ်’’ ဟု ပြည်ဒေသခံ ဦးဇင်သိန်း ကပြောသည်။
Share လုပ်ပေးပြီး ဂုဏ်ပြုပေးကြပါ..

No comments:

Post a Comment